လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၃ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအတုရေး

ဇူလိုင်လ ၂၈ ရက်နေ့ ည ၉ နာရီအချိန် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာအရှေ့ဘက် စစ်တောင်းမြစ်ကြောင်းအတိုင်း လက်ထိုးလှေဖြင့် ကင်းလှည့်လာသော လုံခြုံရေးတပ်ဖွဲ့ကို ပင့်သီလာရွာနှင့် ဇရစ်ရိုးရွာအကြား မြစ်အရှေ့တွင် တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ နှင့် နေပြည်တော် PDF ပူးပေါင်း တပ်ဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါထိတွေ့တိုက်ပွဲသည် ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ ၃ ဦး သေဆုံး ၍ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင် ၂၈ ရက်နေ့၌ ရေတာရှည်မြို့နယ်၊ ပင့်သီလာရွာနှင့် ဇရစ်ရိုးရွာအကြားတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် PDF အဖွဲ့များ တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ ဖြစ်စဉ်မရှိဘဲ Khit Thit မှ အများ အထင်မှားအောင် လုပ်ဇာတ်ဆင်ပြီးရေးသားထားခြင်းသာဖြစ်ပါတယ်။