လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၇ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်ခန့်တွင် မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်၊ သစ်တောဝိုင်းအနီးတွင် ကင်းလှည့်နေသည့် စစ်သား နှင့် ရဲများ လိုက်ပါလာသော ကား ၁ စီးကို CDF-Mindat က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ထိုတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ၇ ဦးသေဆုံးကာ ကင်းလှည့်ကားပေါ်မှ လက်နက်များကို အခြေအနေအရ သိမ်းဆည်းနိုင်ခြင်းမရှိကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင် ၃၀ ရက်နေ့၌ မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်အနီးတွင် နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF များမှ ချောင်းမြောင်းပစ်ခတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ ၇ ဦး သေဆုံးတယ်ဆိုပြီး လူအထင်ကြီးအောင် လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။