မင်္ဂလာရှိသော နံနက်ခင်းလေးပါ

အသိဥာဏ်မရှိတဲ့သူဟာ
တစ်ဘ၀စာပဲ ကြည့်တတ်ပါတယ် ။

သူများဘယ်လိုနေနေ
ကိုယ်အဆင်ပြေပြီးရောဆိုတဲ့
စိတ်မျိုး ဘယ်တော့မှ မထားပါနဲ့ ။

ကိုယ်ရဖို့အတွက်လည်း
မတရားလုပ်ရပ်တွေ မသုံးပါနဲ့ ။

၀ဋျဆိုတဲ့တရားဟာ
ချက်ချင်မလာသေးရင်တောင်မှ
အချိန်တန်ရင် လည်တတ်ပါတယ် ။

လူဆိုတာ ကိုယ်အင်္ဂါချို့တဲ့မှ
သနားစရာလူဖြစ်တာမဟုတ်ပါဘူး ။

တစ်ခဏတာ လူ့ဘဝမှာ
ကိုယ်ချင်းစာတရားမရှိဘူးဆိုရင်

လူ့အင်္ဂါရပ် ချို့တဲ့တာဖြစ်လို့
သူတို့ဘ၀လည်း သနားစရာပါပဲ ။

လောကမှာ အယူသီလတွေ
ပျက်စီးဆုံးရှုံးရတာထက်
ကြီးကျယ်တဲ့ ဆုံးရှုံးမှုမျိုးမရှိပါဘူး ။

ဒါကြောင့် ကိုယ်ရထားတဲ့အထဲက
ဘာတွေပဲ ပျက်စီးသွားပါစေ ။

မိမိသီလတန်ဖိုးကိုတော့
မပျက်စီးအောင် သတိထားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏