ရှမ်းမြောက်တွင် ကားပေါ်မှာ ဝှက်သယ်လာတဲ့ လက်နက်တွေ ဖမ်းမိ

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့အဝင် တိုးဂိတ်အနီးမှာ MDY-6D-5646 နံပါတ်ပါ WISH အမျိုးအစား ခဲရောင်မော်တော်ယာဉ်အား
သတင်းအရ ရပ်တန့်စစ်ဆေးရာ ယာဉ်၏ဘယ်ဘက်ခြမ်း အပိုပစ္စည်းများထည့်သည့်နေရာ၌ အပြာရောင်လွယ်အိတ်နှင့် သိုဝှက်သယ်ဆောင်
လာသည့် SIG SUGER အမျိုး အစား အီတလီနိုင်ငံထုတ် ပစ္စတိုအသေး အနက်ရောင် ၂ လက်နှင့်၊ ၎င်းကျည် အိမ် ၄ ခု၊ S&B 9×19
တံဆိပ်ပါ ၉ မမကျည် ၂၅၀ တောင့်နှင့် Thaiarms တံ ဆိပ်ပါ ၉ မမကျည် ၅၀ တောင့်၊ စုစုပေါင်း ၃၀၀ တောင့်၊ ပစ္စတိုထည့်အိတ် ၂
ခု၊ ပစ္စတိုထည့် ဘူး ၂ ဘူး၊ လက် ကိုင်ဖုန်း ၂ လုံး၊ တရုတ်ငွေယွမ် ၇၀၀ ၊ မြန်မာငွေ ၇၂၀၀၀၀ ကျပ်တိုအား တရားခံများနှင့်အတူ
ဖမ်းဆီးရမိခဲ့ပါတယ်။