ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မိုးအနည်းငယ်ရွာသွန်းမည်

လာမည့်ရက်ပိုင်းအတွင်း ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ ဖျက်မိုးအန္တရာယ် သတိထားဖို့ တောင်သူတွေကို မိုးလေဝသပညာရှင်စုစုစံက သတိပေး ပြောကြား လိုက်ပါတယ်။

လာမည့် အောက်တိုဘာ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း တနင်္သာရီတိုင်း၊မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း ၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်း၊ နေပြည်တော် ၊ကယားပြည်နယ်၊ ရှမ်းပြည်နယ် နှင့် မန္တလေးတိုင်း ဒေသကြီးတွေမှာ မိုးအနည်းငယ်မှ အသင့်အတင့်ရွာနိုင်ပါတယ်။ ရိတ်သိမ်းအခြောက် လှမ်းနေကြသူများအထူးသတိထားရမည့်အချက်ဖြစ်ပါတယ်။ ၎င်းရက်မတိုင်မီ အပြီး ရိတ်သိမ်း အခြောက်လှမ်းကြပြီး အမိုးအကာအောက်ရောက်ရှိအောင် လုပ်ကိုင်ဆောင်ရွက် ထားကြပါလို့အကြံပြုလိုက်ပါတယ်” လို့ ယနေ့ အောက်တိုဘာ ၁၆ ရက်နေ့က ပြောကြား ထားတာလည်း ဖြစ်ပါတယ်။

ယနေ့ အောက်တိုဘာ ၁၆ ရက်နေ့မှာတော့ အနောက်တောင် မုတ်သုံလေက မြန်မာနိုင်ငံတစ်ဝန်းကနေ ဆုတ်ခွာသွားပြီလို့တော့ မိုး/ဇလက ပြောကြားထား ပါသေးတယ်။