ပြောင်းလဲပြေးဆွဲပေးနေတဲ့ YBS ယာဉ်လမ်းကြောင်းများ

မကြာသေးမီက ယာဉ်လိုင်းနံပါတ်သစ်များဖြင့် ပြောင်းလဲပြေးဆွဲပေးနေတဲ့ YBS ယာဉ်လမ်းကြောင်းတွေနဲ့ထပ်တိုးယာဉ်လမ်းကြောင်းတွေကို YBS လမ်းညွှန်(ပေ့စ်)၏ဖော်ပြထားချက်အားခရီးသွားမိဘပြည်သူများအတွက်တစ်ဆင့်ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။

အဲ့ဒီယာဉ်လိုင်းနံပါတ်တွေပြောင်းလဲပြေးဆွဲခြင်းကိုအခုအောက်တိုဘာလ ၁ ရက်နေ့ကစတင်ပြောင်း လဲပြေးဆွဲခဲ့တာဖြစ်ပါတယ်။

အုပ်ချုပ်မှုမတူညီသည့်ယာဉ်လိုင်းကုမ္ပဏီများမှလမ်းကြောင်းတူယာဉ်လိုင်းနံပါတ်တူဖြင့်ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများမှယခင်လမ်းကြောင်းများအတိုင်းယာဉ်လိုင်းနံပါတ်ပြောင်းလဲပြေးဆွဲပေးလျက်ရှိတယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)ကထုတ်ပြန်ထားပါတယ်။

Ref – YBS လမ်းညွှန်(ပေ့စ်)