မြန်မာ နီပေါ၊သီရိလင်္ကာနိုင်ငံသံအမတ်ကြီးနှင့် သာသနာရေး ကိစ္စရပ်များဆွေးနွေး

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် နီပေါနိုင်ငံသံအမတ်ကြီးနှင့် သီရိလင်္ကာနိုင်ငံသံအမတ်ကြီးတိုအား သီးခြားစီလက်ခံတွေ့ဆုံပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား အောက်တိုဘာ ၁၆ မွန်းတည့် ၁၂ နာရီတွင် လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E. Mr.J.M.J.P Bandara အား မွန်းလွဲ ၂ နာရီတွင်လည်းကောင်း နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။