မိုင်းဆွဲတိုက်ခိုက်ခံရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်၁၀ ဦးခန့် သေဆုံးတယ်လို့ Khit Thit မှ သတင်းအတုရေး

ဇူလိုင်လ ၂၀ ရက် နံနက် ၅ နာရီ ခန့်က အင်အား ၁၀၀ ခန့်ဖြင့် ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာမှ ထွက်လာကာ ဧရာဝတီမြစ်ရိုးတလျှောက်ကို လှည့်လည်ပြီး ရွှေပဒေသာကျေးရွာမှ ပြည်သူပိုင်နွား၊ ကြက်များကို သတ်ဖြတ်စားသောက်ခဲ့ကြပြီး ညနေ ၄ နာရီခန့်၌ ဆင်တပ်ရွာကို ဆက်လက်စစ်ကြောင်းလာသော တပ်မတော်စစ်ကြောင်းကို မြို့လှ KPDF တပ်ရင်းမှ ညနေ ၄ နာရီ မိနစ် ၄၀ ခန့်တွင် အသင့်စောင့်ကြို၍ ၂ ကြိမ်မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးခန့်သေဆုံးပြီး ၁၅ ဦး ခန့်အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၂၀ ရက်နေ့ ရွှေကူမြို့နယ် ဆင်တပ်ရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KIA/ PDF များ တိုက်ပွဲဖြစ်တာမရှိသလို မိုင်းဆွဲတိုက်ခိုက်ခံရခြင်းလည်း မရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ KIA/ PDF တွေရဲ့ လုပ်ရပ်များကို တစ်ဖက်လှည့်ဖြင့် လုံခြုံရေးတပ်များကို အများအထင်မှားအောင် Khit Thit မှ ဖြစ်စဉ်မရှိဘဲစစ်သား ၁၀ ဦးခန့်သေဆုံးကာ ၁၅ ဦး ခန့်အပြင်းအထန်ဒဏ်ရာရရှိတယ်ဆိုပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးရေးသားထားခြင်းသာဖြစ်ပါတယ်။

FakeNews

FactCheck