EV ကား အစီး ၄၀ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

လျှပ်စစ်သုံးမော်တော်ယာဥ်များတင်သွင်းခွင့်ရရှိထားသည့် ကုမ္ပဏီ ၂ ခုမှတင်သွင်းလာသည့် လျှပ်စစ်သုံးမော်တော်ယာဥ်(EV)ကားအစီး ၄၀ ဇူလိုင်လ ၂၀ ရက်က ရန်ကုန်ဆိပ်ကမ်းသိုရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်အရ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် N.P.K Motors Co.,Ltd. မှ တင်သွင်းလာသည့် MG, MG4(Mulan)အမျိုးအစား EV ကား(၁၀) စီးနှင့် Earth Renewable Energy Co., Ltd. မှတင်သွင်းလာသည့် BYD Dolphin အမျိုးအစား EV ကား(၃၀)စီး (စုစုပေါင်း ၄၀ စီး)ရောက်ရှိလာခြင်းဖြစ်ပြီး အဆိုပါ EV ကားများအား တာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရပါတယ်။