မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷အတုတွေနဲ့ မကြုံချင်ရင်🌷

လက်ခုပ်တီးတယ်ဆိုတိုင်း
ကိုယ့်ကိုအားပေးတယ်မထင်ပါနဲ့ ။

တစ်ချို့လူတွေက ဒုက္ခရောက်ဖို့
ကိုယ့်ကို လက်ခုပ်တီးနေကြတာပါ ။

အပြောကောင်းတိုင်းလည်း
မေတ္တာရှိတယ်လို့ မထင်လိုက်ပါနဲ့ ။

ချိုချိုလေးပြောပြီးတော့
ကိုယ့်ကိုအသုံးချမယ့်သူတွေရှိလို့ပါ ။

ကိုယ့်သတင်းတွေ သယ်လာပေးတိုင်း
ကိုယ့်လူလို့ပဲ မထင်လိုက်ပါနဲ့ ။

ကွယ်ရာကျရင် ကိုယ့်လူတွေကပဲ
ကိုယ့်အတင်းပြောနေတတ်ကြတာပါ ။

မိတ်ဆွေကောင်းပီသတယ်ဆိုရင်
အတင်းပြောဖို့ အချိန်မရှိသလို
ကုန်းတိုက်ဖို့လည်း စိတ်မ၀င်စားပါဘူး ။

အပြစ်အတင်းပြောလာရင်တောင်
ကိုယ့်ဘက်ကနေ ကာကွယ်ပေးပါတယ် ။

အတုတွေဟာ နေရာတိုင်းမှာရှိလို့
မိတ်ဆွေအတုတွေနဲ့ မကြုံရအောင်

ကိုယ်လည်းစိတ်ကောင်းထားပြီး
ရိုးသားမှန်ကန်စွာ နေပေးဖို့လိုပါတယ် ။

🙏🙏🙏သာရ ဂ‌ ဝေသီ🙏🙏🙏