ခြေစစ်ပွဲအောင်မြင်ပြီးနောက် ချက်လက်ရွေးစင်အသင်းနည်းပြနုတ်ထွက်

ယူရို-၂၀၂၄ ပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်ပြီးနောက် ချက်လက်ရွေးစင်အသင်းနည်းပြဖြစ်သူ မီရိုဆလပ်ဆီလ်ဟာဗီသည် ရာထူးမှ ရုတ်တရက်နုတ်ထွက်ခဲ့သည်။

အသက် (၆၂)နှစ်အရွယ်ရှိ ဆီလ်ဟာဗီသည် ချက်လက်ရွေးစင်အသင်းကို ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် စတင်ကိုင်တွယ်ခဲ့ပြီး ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်သို့ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

ချက်အသင်းအနေဖြင့် နိုဝင်ဘာ(၂၀)ရက်က ယူရိုခြေစစ်ပွဲတွင် မော်လ်ဒိုဗာအသင်းအား (၃-၀)ဂိုးဖြင့် အနိုင်ရပြီးနောက် ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။