စစ်သည်တော်ကောင်းများမွေးရာမြေ

ယနေ့ တပ်မတော်က ဖွင့်လှစ်သင်ကြားပေးနေတဲ့ စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းတွေမှာ သင်ကြားပေးနေတဲ့ စစ်ပညာရပ်များဟာ တကယ့်စစ်မြေပြင်မှာများစွာအသုံးဝင်သလို စစ်သည်တွေတစ်ဦးချင်းတတ်အပ်ရမယ့် စစ်ပညာတွေလည်း ဖြစ်ပါတယ်။ အဲဒီကျောင်းတွေမှာ စစ်ပညာတစ်မျိုးတည်းသင်ပေးတာမဟုတ်ဘဲ စိတ်ဓာတ်စည်းကမ်းပိုင်းနဲ့ မြန်မာ့သိုင်းရဲ့အခြေခံ ကိုယ်ခံပညာရပ်များကိုလည်း သင်ကြားပေးလျက်ရှိပါတယ်။ နိုင်ငံတော်ကာကွယ်ရေးအတွက် ပေးအပ်လာမယ့် တာဝန်ကို ကျရာအခန်းကဏ္ဍကနေ တစ်စိတ်တစ်ဒေသ သယ်ပိုးထမ်းရွက်ကြမယ့် စစ်သည်တော်များအတွက် သိသင့်သိထိုက် တတ်သင့်တတ်အပ်တဲ့ ပညာရပ်တွေကို စနစ်တကျလေ့ကျင့်သင်ကြားပေးနေတဲ့ မိခင်ကျောင်းတော်ကြီးကတော့ နောက်ထပ်နောက်ထပ်သော သူရဲကောင်းစစ်သည်တော်အသစ်များကိုလည်း နွေးထွေးစွာဖြင့် လက်ကမ်းကြိုဆိုလျက်ရှိနေပါတယ်။