ထိုင်ဝမ်အရေးကြောင့်အမေရိကန်-တရုတ် တင်းမာမှုမှာ ဩစတြေးလျပါဝင်မှာမဟုတ်

ဩစတြေးလျကာကွယ်ရေးဝန်ကြီးက အမေရိကန်၊ ဗြိတိန်တိုနဲ့ AUKUS ရေငုပ်သင်္ဘောသဘောတူညီချက်ရှိနေပေမယ့်လည်း ထိုင်ဝမ်နဲ့ပတ်သက်ပြီး အမေရိကန်က ပါဝင်နေတဲ့ စစ်ရေးပဋိပက္ခမှာ သူတိုပါဝင်မှာမဟုတ်ဘူးလို ပြောဆိုလိုက်ပါတယ်။

ဒေသတွင်းမှာ စစ်ရေးအရ ပြင်ဆင်တည်ဆောက်မှုတွေကို ဩစတြေးလျက လုပ်ဆောင်နေပေမယ့်လည်း တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုကောင်းမွန်လာဖို မျှော်လင့်ထားပြီး ဘေဂျင်းကို သွားရောက်ကာ တရုတ်ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံဖိုလည်း မျှော်လင့်ထားတယ်လို ဆိုပါတယ်။

တရုတ်ဘက်က AUKUS မဟာမိတ်အဖွဲသွားနေတဲ့ လမ်းကြောင်းဟာ မှားယွင်းပြီး အန္တရယ်ရှိကြောင်း သတိပေးခဲ့ပြီး ဩစတြေးလျဘက်က အခုလိုတုံပြန်ခဲ့တာပါ။