တပ်မတော်အတွက် မျိုးဆက်သစ်ဇာနည်များ

အမှတ်(၅)စစ်အခြေခံလ့ကျင့်‌ရေးတပ်၊ အမှတ်(၂)တပ်ခွဲ၊ ခြေလျင်တပ်သားသစ်သင်တန်း လက်ခံပတ် (၆/၂၀၂၃) သင်တန်းဆင်းပွဲအား ယနေ့ ဇန်နဝါရီလ ၂၆ ရက်တွင် ကျင်းပခဲ့ပြီး သင်တန်းကာလအတွင်း ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စစ်သည်များကိုလည်း ထူးချွန်ဆုများ ပေးအပ်ခဲ့ပါတယ်။ အရည်အချင်းပြည့်ဝသည့် စစ်သည်တော်ကောင်းများဖြစ်စေရန်အတွက် မိခင်ကျောင်းတော်ကြီးများမှ စနစ်တကျသင်ကြားမွေးထုတ်ပေးလျက်ရှိပြီး စစ်မြေပြင်တွင် အားကိုးအားထားရသည့် စစ်သည်တော်ကောင်းများ ဖြစ်လာမည်မှာ မလွဲဧကန်ပဲ ဖြစ်ပါတယ်။