ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် လစ်လပ်နေသော အငယ်တန်းစာရေး(၁ဝဝ)ကျော် အတွက် လျှောက်လွှာများခေါ်ယူ

ပြည်ထောင်စုနယ်မြေအတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် လစ်လပ်နေသော အငယ်တန်းစာရေး(၁၂၅)နေရာအတွက် လျှောက်လွှာများခေါ်ယူနေကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကောက်မရှင်ရုံးမှ ယမန်နေ့(မေလ ၂ဝ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာတွင် အထက်ပါကဲ့သို့ ကြေညာထားခြင်းဖြစ်သည်။

အဆိုပါရာထူး(၁၂၅)နေရာအနက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် (၉)နေရာ အပါအဝင် ကချင်တွင် (၄)နေရာ၊ ကယားတွင်(၆)နေရာ၊ ကရင်တွင် (၁၆)နေရာ၊ ချင်းတွင်(၂)နေရာ၊ စစ်ကိုင်းတွင် (၁၄)နေရာ၊ တနင်္သာရီတွင် (၅)နေရာနှင့် ပဲခူးတွင် (၂)နေရာ ခေါ်ယူထားကြောင်း သိရသည်။

ထို့ပြင် မကွေးနှင့် မန္တလေးတို့တွင် (၈)နေရာစီ ၊ မွန်တွင် (၇)နေရာ၊ ရခိုင်တွင် (၁)နေရာ၊ ရန်ကုန်တွင် (၂၄)နေရာ၊ ရှမ်းတွင် (၁၃)နေရာ၊ ဧရာဝတီတွင် (၃)နေရာနှင့် ပြည်ထောင်စုနယ်မြေတွင် (၃)နေရာ အသီးသီးခေါ်ယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

လျှောက်ထားလိုသူများအနေဖြင့် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိရန်လိုအပ်ပြီး ကွန်ပျူတာကျွမ်းကျင်သူ ဖြစ်ရန်လည်း လိုအပ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ထို့ပြင် လျှောက်ထားလိုသူများသည် ဧပြီလ ၃ဝ ရက်တွင် အသက်(၃ဝ)နှစ်ထက်ကျော်လွန်သူမဖြစ်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါလျှောက်လွှာများကို မေလ(၂၂)ရက်တွင် စတင်ထုတ်ပေးသွားမည်ဖြစ်ပြီး ဇွန်လ(၉)ရက်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ရေးဖြေစာမေးပွဲဖြေဆိုရမည့်ရက် နှင့် လူတွေ့စစ်ဆေးခံယူရမည်ရက်ကို လျှောက်လွှာရယူခဲ့သည့် ရွေးကောက်ပွဲကော်မရှင်ရုံးအဖွဲ့ခွဲများမှ တစ်ဆင့်အကြောင်းကြားမည်ဖြစ်၍ အဆိုပါရုံများတွင် စုံစမ်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။