လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၃ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအတုရေး

သြဂုတ်လ ၁၆ ရက်နေ့ ကျောက်မြောင်းမှ ဟန်လင်းပျူမြို့ဟောင်းသို့ လက်နက်ခဲယမ်း၊ ရိက္ခာနှင့် လူချိန်းရန်လာသည့် အင်အား ၈၀ ခန့်ပါ စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၈ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၁၆ ရက်နေ့၌ ဟန်လင်းပျူမြို့ဟောင်းအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ ဖြစ်စဉ်မရှိဘဲ Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ၃ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရတယ်ဆိုပြီး လုပ်ကြံဖန်တီးရေးသားထားခြင်းသာဖြစ်ပါတယ်။