ဒုံးကျည်ပစ်လွှတ်မှုတွေ ဆက်တိုက်လုပ်ခဲ့တဲ့ မြောက်ကိုရီးယား

တောင်ကိုရီးယားမှာ ဖြန့်ကျက်ဖိုအတွက် ရောက်ရှိလာတဲ့ ကန်ရေငုပ်သင်္ဘောကြောင့် မြောက်ကိုရီးယားဟာ စနေနေ့က ခရုဇ်ဒုံးကျည်အများအပြား ပစ်လွှတ်ကာ တုံပြန်လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ပဲ့ထိန်းဒုံးကျည်နှစ်စင်းပစ်လွှတ်ပြီးနောက်မှာ ဒီပစ်လွှတ်မှုကို ထပ်လုပ်ခဲ့တာပါ။

ပင်လယ်ဝါအတွင်းကို ပစ်လွှတ်ခဲ့တာလို တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များက အစီရင်ခံတင်ပြခဲ့ပြီး မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား+အမေရိကန်ကြား တင်းမာမှုတွေ မြင့်တက်လာနေပါတယ်။