ဥမင်လိုဏ်ခေါင်းအတွင်းမှ ရုပ်အလောင်းရှစ်လောင်းအားကယ်ဆယ်ရေးသမားများဆယ်ယူနိုင်ခဲ့

တောင်ကိုရီးယား၌ မိုးသည်းထန်စွာရွာသွန်းပြီးရေလွှမ်းမိုးမှုကြောင့် ရေမြုပ်နေသောဥမင်လိုဏ်ခေါင်းအတွင်း ပိတ်မိသေဆုံးနေသည့် ရုပ်အလောင်းရှစ်လောင်းအား ကယ်ဆယ်ရေးသမားများ ဆယ်ယူနိုင်ခဲ့ကြောင်းသိရှိရသည်။

ထိုသို့ နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ သည် ၃၇ ဦးအထိရှိလာပြီဖြစ်ကြောင်းလည်းသိရှိရသည်။ဥမင်အတွင်းမှဆယ်ယူရရှိခဲ့သည့်ရုပ်အလောင်းများသည် စနေနေ့ကတွေ့ရှိသည့်တစ်လောင်းနှင့်ပေါင်းပါက စုစုပေါင်းကိုးလောင်းအထိရှိပြီဖြစ်ကြောင်း သိရှိရပါတယ်။

crd;