ကိုလိုနီခေတ်က သိမ်းယူထားသော သီရိလင်္ကာနှင့် အင်ဒိုနီးရှားမှ ရတနာများကို နယ်သာလန် ပြန်လည်ပေးအပ်မည်

နယ်သာလန်နိုင်ငံရှိ ပြတိုက်နှစ်ခုသည် ကိုလိုနီခေတ်က အဓမ္မ သိမ်းယူထားသော အင်ဒိုနီးရှားနှင့် သီရိလင်္ကာမှ လက်ဝတ်ရတနာမျိုးစုံ၊ အဖိုးတန်သတ္တုများနှင့် ကျကျနန အလှဆင်ထားသော အမြောက်တစ်လက်ကို ၎င်းနိုင်ငံများထံ ပြန်လည် လွှပြောင်းပေးသွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။

အင်ဒိုနီးရှားနှင့် သီရိလင်္ကာ နှစ်နိုင်ငံစလုံးသည် ယခင်က ဒတ်ချ် ခေါ် နယ်သာလန်၏ လက်အောက်ခံနိုင်ငံများ ဖြစ်ခဲ့ဖူးသည်။