ဘယ်လာရုစ်နဲ့ ပိုလန်နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေ

သူ့ရဲ့လေကြောင်းပိုင်နက်ကို ချိုးဖောက်ခံရတယ်လို့ ဘယ်လာရုစ်အပေါ် စွပ်စွဲခဲ့တဲ့ ပိုလန်ဟာ ဘယ်လာရုစ်နယ်စပ်မှာ တပ်ဖွဲ့ဝင်တွေ ပိုမိုဖြန့်ကြက်ချထားတော့မှာဖြစ်ပါတယ်။

ဥရောပရဲ့ လုံခြုံရေးဆိုင်ရာအခင်းအကျင်းဟာ တည်ငြိမ်နေပေမဲ့ မြောက်အတ္တလန္တိတ်စစ်စာချုပ်(နေတိုး)အဖွဲ့ဝင် ပိုလန်နဲ့ ဘယ်လာရုစ်တို့အကြား တင်းမာမှုတွေကတော့ တိုးလာနေပါတယ်။ ဘယ်လာရုစ်ဟာ ရုရှားရဲ့ အဓိကမဟာမိတ်နိုင်ငံလည်းဖြစ်၊ ပိုလန်နဲ့လည်း အိမ်နီးချင်း ဖြစ်ပါတယ်။

ဩဂုတ် ၁ ရက်တုန်းက စစ်ရေးလေ့ကျင့်နေစဉ်အတွင်း ဘယ်လာရုစ်ရဟတ်ယာဉ်နှစ်စင်းဟာ ပိုလန်လေကြောင်းပိုင်နက်ထဲ ချိုးဖောက်ပျံသန်းခဲ့ကြောင်း စွပ်စွဲချက်ကို ဘယ်လာရုစ်ကာကွယ်ရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့ပြီး ပယ်ချခဲ့ကြောင်း ဝါဆောအစိုးရက ပြောပါတယ်