ဥဇဘက်ကစ္စတန်မှာ စာပို့အမျိုးသမီးတစ်ဦး သေဆုံး

ဥဇဘက်ကစ္စတန်နိုင်ငံမှာ စာပို့အမျိုးသမီးတစ်ဦး ဓာတ်လှေကားထဲမှာ ၃ ရက်ကြာပိတ်မိခဲ့ပြီးနောက် သေဆုံးနေခဲ့တာ တွေ့ခဲ့ရပါတယ်။

ဓာတ်လှေကားထဲ ပိတ်မိနေချိန်မှာ မစ္စအော့ဂါလီယွန်တီဗာလို့ခေါ်တဲ့ စာပို့အမျိုးသမီးဟာ ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခဲ့ပေမဲ့ ဘယ်သူမျှ မကြားခဲ့ပါဘူး။