Xi Yan တရုတ်စားသောက်ဆိုင်ကို PDF များ ဗုံးခွဲတိုက်ခိုက်

လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာရှိတဲ့ Xi Yan တရုတ်စားသောက်ဆိုင်ဟာ PDF တွေရဲ့ သတင်းကို ထောက်လှမ်းစုံစမ်းသူတွေ စုဝေးနေတဲ့ သတင်းပေးဆိုင်လို့စွပ်စွဲပြီး PDF နှစ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်လိုက်ပါတယ်။

ဒီတိုက်ခိုက်မှုကို မနေ့က ဖေဖော်ဝါရီ ၂၁ ရက် ည ၈ နာရီ ၅၀ မိနစ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဖောက်ခွဲတိုက်ခိုက်ခံရတဲ့ဆိုင်က လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ တပင်ရွှေထီးလမ်း၊ ရွှေညောင်ပင်မှတ်တိုင်အနီးက Xi Yan တရုတ်စားသောက်ဆိုင်ကို Dark Shadow နဲ့ မဟာမိတ် GOD PDF နှစ်ဖွဲ့ပူးပေါင်းပြီး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ ဒီလိုမျိုးတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ဆိုင်နဲ့ ဝန်ထမ်းတွေ၊ ပြည်သူတွေ၊ ပြည်သူ့စစ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုတစ်စုံတစ်ရာ သိရှိရခြင်း မရှိပါဘူး။