အကြမ်းဖက်အားပေးမီဒီယာများမှ ရေးသားတဲ့ သတင်းတု/သတင်းမှားများ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်ရေးသားထုတ်လွှင့်ခဲ့သည့် သတိပြုဖွယ် သတင်းအတုနှင့် သတင်းအမှားများ–

  • ဇန်နဝါရီ ၂၇ ရက်နေ့၌ မွန်ပြည်နယ်၊ ရေးတံတားကြီးဂိတ်တွင် စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မရှိဘဲ Khit Thit မှ စကစတပ်ဖွဲံဝင်များ တိုက်ခိုက်ခံရလို့ ၁ ဦး သေဆုံးတယ်ဆိုပြီး သတင်းအတုများ လုပ်ကြံဖန်တီးရေးသားထားပါသည်။
  • ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ၅ ရက်အတွင်း မွန်ပြည်နယ်၊ ကော့ရိတ်မြို့အနီးတွင် စကစတပ်ဖွဲ့ဝင်များနှင့် KNLA / PDF အဖွဲ့များ ထိတွေ့တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စကစတပ်ဖွဲ့ဝင် အရာရှိ ၁ ဦးအပါအဝင် ၄ ဦးသာ ဒဏ်ရာအနည်းငယ်ရရှိခဲ့သော်လည်း Khit Thit မှ စကစတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံးကာ ၁၀ ထက်မနည်း ဒဏ်ရာရတယ်ဆိုပြီး တစ်ဖက်သတ်အမြတ်ထုတ်၍ သတင်းအမှားများလိမ်ညာရေးသားထားပါသည်။
  • ဇန်နဝါရီလ ၂၁ ရက်နေ့၌ တန့်ဆည်မြို့နယ်၊ အက်တောကျေးရွာအနီးတွင် စကစတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစတပ်ဖွဲ့ဝင် ၁ ဦးသာ ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း Khit Thit မှ စကစတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးကာ ၂၀ ဦးခန့်ဒဏ်ရာရတယ်ဆိုပြီး သတင်းအမှားများရေးသားဖြန့်ချိထားပါသည်။
  • ဇန်နဝါရီလ ၂၆ ရက်နေ့၌ ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းအုပ်စု၊ စက်တုန်းရွာတွင် စကစတပ်ဖွဲ့အချင်းချင်း ပစ်ခတ်တဲ့ဖြစ်စဉ်မရှိခဲ့သော်လည်း မြေလတ်အသံ မှ စကစတပ်ဖွဲ့ဝင်များစည်းလုံးမှုပျက်စီးစေရန် လုပ်ဇာတ်ဆင်ပြီး သတင်းအတုများရေးသားဖြန့်ချိထားပါသည်။
  • ဇန်နဝါရီ ၂၅ ရက်နေ့၌ ပဲခူးတိုင်း၊ သာယာ၀တီခရိုင်၊ ကြို့ပင်ကောက်မြို့ တိုးဂိတ်တွင် လုံခြုံရေးလုပ်နေတဲ့ စကစတပ်ဖွဲ့ဝင်များကို PDF အဖွဲ့က ချောင်းပစ်ထွက်ပြေးခြင်းသာဖြစ်ပြီး ထိခိုက်မှုမရှိခဲ့သော်လည်း မြေလတ်အသံ မှ စကစတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရတယ်ဆိုပြီး သတင်းအမှားများရေးသားဖြန့်ချိထားပါသည်။
  • ဇန်နဝါရီလ ၂၀ ရက်နေ့၌ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အနန်းဘော်ကျေးရွာမှ ဒေသခံများအား စကစတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားတဲ့ဖြစ်စဉ်မရှဘဲ Khit Thit နှင့် RFA တို့မှ စကစတပ်ဖွဲ့ဝင်များအား အများပြည်သူများ မုန်းတီးစေရန် လုပ်ဇာတ်ဆင်ပြီး သတင်းအတုများရေးသားဖြန့်ချိထားပါသည်။
  • ဇန်နဝါရီလ ၂၄ ရက်နေ့၌ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ အညာစုကျေးရွာနှင့် အထက်ဝိုင်းပတ်ရွာတို့မှ ဒေသခံများအား စကစတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားတဲ့ဖြစ်စဉ်မရှိဘဲ Khit Thit မှ စကစတပ်ဖွဲ့ဝင်များကို အများပြည်သူများ အထင်အမြင်လွဲမှားပြီး မုန်းတီးလာစေရန် လုပ်ဇာတ်ဆင်ကာ သတင်းအတုများရေးသားဖြန့်ချိထားပါသည်။
  • ဇန်နဝါရီလ ၂၇ ရက်နေ့၌ မြင်းခြံမြို့နယ်၊ မန်ကျည်းတမျှားတောကျေးရွာအနီးတွင် PDF အဖွဲ့များ အချင်းချင်းငွေကြေးသုံးစွဲရာမှာ အဝေမတည့်ခြင်းနှင့် အမျိုးသမီး PDF များအပေါ် လိမ်အကြမ်းဖက်မှုများ ကျူးလွန်ခြင်းတို့ကြောင့် ညှိနှိုင်းဆွေးနွေးမှုလုပ်ရာကနေ စကားများပြီး ပစ်ခတ်ကြရာ PDF ၅ ဦး သေဆုံးသွားခြင်းဖြစ်ကြောင်း၊ အဆိုပါအလောင်းများမှာ လမ်းဘေးတွင်စွန့်ပစ်ထားခဲ့ပြီး ဒေသခံများကလည်း မည်သူမည်ဝါများဖြစ်တယ်ဆိုတာ မသိကြကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ PDF အချင်းချင်းပစ်သတ်ကြတာကို Mizzima မှ ဗြောင်လိမ်ကာ စကစတပ်ဖွဲ့ဝင်များကို အများပြည်သူများ အထင်အမြင်လွဲမှားပြီး မုန်းတီးလာစေရန် အပုတ်ချ၍ သတင်းအမှားများရေးကာ ဖြန့်ဝေထားပါသည်။
  • ဇန်နဝါရီလ ၂၆ ရက်နေ့၌ ဘုတလင်မြို့နယ်၊ ကူတော်ကျေးရွာအနီးတွင် စကစတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စကစတပ်ဖွဲ့ဝင် ၁ ဦးသာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော်လည်း Khit Thit မှ စကစတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးတယ်ဆိုပြီး သတင်းအမှားများရေးသားဖြန့်ချိထားပါသည်။