မရမ်းကုန်းမြို့နယ်က တည်းခိုခန်းတစ်ခုမှာ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်မြို့နယ်၊ သမိုင်းလမ်းဆုံရှိ တည်းခိုခန်းတစ်ခုမှာ အမျိုးသားတစ်ဦး သေဆုံးတဲ့ဖြစ်စဥ်တစ်ခု ယနေ့ (ဇွန်လ ၁၉ ရက်) နေ့ လယ်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။

သေဆုံးသူ အမျိုးသားဟာ အသက် ၄၀ ခန့်အရွယ်ရှိသူဖြစ်တယ်လို့သိရပြီး သမိုင်းလမ်းဆုံအနီး “ရွှေကောင်းကင်” တည်းခိုခန်းမှာ မွန်းလွဲ ၁၂ နာရီ၊ မိနစ် ၄၀ လောက်မှာ သေဆုံးနေတာကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ သေဆုံးသူ အမျိုးသားရုပ်အလောင်းကို မြောက်ဥက္ကလာပဆေးရုံကြီး ရင်ခွဲရုံကိုပို့ဆောင်ပြီး သေဆုံးရတဲ့ အကြောင်းရင်းကို မသိရှိရသေးဘဲ စုံစမ်းဖော်ထုတ်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

mhtnews