မိုးမိတ်မြို့အား တပ်မတော်မှ ပြန်လည်ထိန်းချုပ်

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ မိုးမိတ်မြို့အား အကြမ်းဖက် KIA/PDF များမှ ဇန်နဝါရီလ ၁၈ ရက်နေ့မှ စတင်တိုက်ခိုက်ပြီး တိုက်ပွဲများပြင်းထန်းစွာ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်း အကြမ်းဖက် KIA/PDF များမှ မြို့တွင်းနေပြည်သူများ၏ အိုးအိမ်/ပစ္စည်းများကို ဖျက်ဆီးကြသလို အဖိုးတန်ပစ္စည်းများကို လူယက်ယူဆောင်ခဲ့ကြပါတယ်။

အကြမ်းဖက်များအနေဖြင့် ဒေသခံကောင်းစားရေး ခေါင်းစဉ်တပ်လုပ်ဆောင်နေကြပေမယ့် မြေပြင်မှာတော့ လုပ်ရပ်များက ဆီနဲ့ရေလို ကွာခြားလာတာကြောင့် ပြည်သူများကလည်း မုန်းတီးလာကြပြီပဲ ဖြစ်ပါတယ်။ မုန်းတီးလာတာနှင့်အမျှ တပ်မတော်နှင့်ပူးပေါင်းပါဝင်ပြီး တတ်နိုင်သည့်ဘက်များမှ ပံ့ပိုးကူညီခဲ့တာကြောင့် ယနေ့မှာတော့ မိုးမိတ်မြို့ကို တပ်မတော်မှပြန်လည်ထိန်းချုပ်ပြီး မြို့ရှင်းလင်းရေးဆောင်ရွက်နေပြီမို့ မကြာခင် စစ်ဘေးရှောင်ပြည်သူများလည်း ပြန်လည် နေထိုင်နိုင်တော့မည် ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်။