ဆီဆိုင်တိုက်ပွဲမှာ အကျအဆုံးများနေတဲ့ KNDF

ဆီဆိုင်မြို့အား ဝင်ရောက်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များတွင် PNLA အပါအဝင် KNDF အကြမ်းဖက်များပါ ပါဝင်တိုက်ခိုက်ခဲ့ပြီး ပါလာတဲ့ စစ်ကြောင်း ၄ ကြောင်းထဲက စစ်ကြောင်း တစ်ကြောင်းက ချေမှုန်းခံလိုက်ရကြောင်း သိရှိရပါတယ်။

အကြမ်းဖက် KNDF များအနေဖြင့် ကယားပြည်နယ်အတွင်း စစ်မီးမွှေးလာခဲ့တာအားမရလို့ ဆီဆိုင်မြို့ဘက်ကိုပါ တက်လာပြီး ပြည်သူတွေကို စစ်ဘေးဒုက္ခသည်တွေအဖြစ်ကို ရောက်အောင် ဆောင်ရွက်နေကြခြင်းဖြစ်ပါတယ်။

အေးချမ်းမှုကိုလိုလားတဲ့ ဒေသခံတိုင်းရင်းသားများနဲ့ တပ်မတော်ကိုထောက်ခံတဲ့ပြည်သူများမှ အကြမ်းဖက်တွေရဲ့သတင်းတွေကို အချိန်နဲ့တစ်ပြေးညီပေးပို့နေခြင်းကြောင့် ၎င်းတို့အနေဖြင့် ထင်သလောက်တိုးမပေါက်ခဲ့ဘဲ နေ့စဉ်ရက်ဆက်အကျအဆုံးများနှင့်သာ ရင်ဆိုင်နေရကြောင်း သိရှိရပါတယ်။ ဆီဆိုင်မြေဟာ အကြမ်းဖက် KNDF တွေကို နိဂုံးချုပ်ပေးမယ့် တပ်မတော်အတွက် အောင်မြေပဲ ဖြစ်ပါတယ်။