နိုင်ငံရေးအရောင်ဆိုးခံရသူများ

ယခုနောက်ပိုင်းလူငယ်အများစုအနေဖြင့် လူမှုကွန်ယက်များတွင် မြှောက်ပင့်ပေးကာ နိုင်ငံရေးရဲ့ အသုံးချခံဘဝကို ရောက်မှန်းမသိရောက်နေကြရပါတယ်။ ဒီလို ဖြစ်နေတယ်ဆိုတာကို တစ်ချို့သော မိဘတွေကလည်း မသိကြပဲ…မရှုနိုင်မကယ်နိုင်အခြေအနေမျိုးတွေမှာမှပဲ သိခွင့်ရကြရပါတယ်။

ဒီလိုကျောင်းတွေမှာ ပညာသင်နေတဲ့ ကိုယ့်ရဲ့ သားသမီးတွေကို မြင်ရတဲ့ မိဘတွေက မြင်ချင်ကြတာချည်းပါပဲ…ဒီလိုဘာမှမသိသေးတဲ့ အဖြူထည်အရွယ်လေးတွေကို နိုင်ငံရေးသားကောင်များက အသုံးချပြီး ၎င်းတို့ရဲ့ကိုယ်ကျိုးစီးပွားကို ရှာနေကြပါတယ်။

အသုံးချခံလူငယ်များအနေနဲ့လည်း ကိုယ့်ကိုယ်ကို အသုံးချခံဘဝရောက်နေတယ်ဆိုတာကို နားမလည်ပဲ ကိုယ်ရဲ့လူငယ်ဘဝပျော်ရွင်မှုတွေ၊ ငယ်ရွယ်နုပျိုမှုတွေကို ဘာမဟုတ်တဲ့ လူတွေအတွက် စတေးခံရင်း ဒုက္ခိတဘဝတွေကိုရောက်ကုန်ကြတာပါပဲ…..မိဘရင်ခွင်မှာ အပူအပင်ကင်းတဲ့ ဘဝမှာနေရင်း ပျော်နေကြရမယ့်အစား တောထဲတောင်ထဲဆင်းရဲဒုက္ခတွေခံပြီး နေနေရသလို မိန်းကလေးတွေဆိုရင်လည်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းတွေ ခံစားနေရပြီး အကြမ်းဖက်တွေရဲ့ လိင်ကျွန်ဘဝအဖြစ် ရောက်ရှိနေကြတာကိုလည်း စိတ်မကောင်းစရာ မြင်တွေ့နေရပါတယ်။ ဒါကြောင့်မို့ မိဘရဲ့ အရိပ်အာဝါသအောက်မှာ နေထိုင်ရင်း လူ့ဘဝရဲ့ပျော်ရွင်မှုတွေ/ အတတ်ပညာတွေ သင်ယူနိုင်ကြပါစေ…..တိုင်းပြည်အတွက် အရည်အချင်းပြည့်ဝတဲ့ အနာဂတ်လူငယ်လေးတွေ ဖြစ်လာစေဖို့ အကြုံပြုရင်း…

#PCT