ဟားခါးမြို့တွင် CDF များ၏ လက်လုပ်မိုင်းကြောင့် ပြည်သူ ၁ ဦးမိုင်းထိ

မတ်လ ၅ ရက်က ညနေ ၅ နာရီခွဲခန့်တွင် ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်တွင် နေထိုင်ပြီး ရိုးသားစွာ လုပ်ကိုင်စားသောက်လျက်ရှိသော အပြစ်မဲ့ပြည်သူ ၁ ဦးသည် မြတ်ရိတ်ရန် နေအိမ်မှ ထွက်လာစဉ် ပြည်တော်သာရပ်ကွက် စာသင်ကျောင်း ခြံစည်းရိုးအပြင်ဘက် အရောက်၌ CDF သောင်ကျန်းသူများ ထောင်ထားသော လက်လုပ်မိုင်းအား နင်းမိ၍ ပေါက်ကွဲခဲ့ကြောင်း သိရှိရပါသည်။
CDF သောင်းကျန်းသူများ၏ ကောက်ကျစ်ယုတ်မာစွာ ထောင်ထားသည့် လက်လုပ်မိုင်းကြောင့် ယာခြေကျင်းဝတ် ကြေမွဒဏ်ရာ၊ ဝဲခြေမျက်စိ ပေါက်ပြဲ မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့ပြီး ဒေသခံများမှ ဟားခါးမြိုပြည်သူ့ဆေးရုံသို ပိုဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။