ခလရ ၁၂၉ မှ တပ်ဖွဲ့ဝင်များက MNDAA ထံ အလင်းဝင်တယ်လို့ Khit Thit မှ သတင်းအမှားရေး

နိုဝင်ဘာလ ၁၂ ရက်နေ့၌ လောက်ကိုင်မြို့၊ ညံခွမ်းအခြေစိုက် စကစတပ်ခမရ (၁၂၉) နောက်တန်းရှိ မှီခိုသူမိသားစုဝင်များအား Drop Bomb ကင်းလွတ်ရန် လိုင်းခန်းနေရာမှ ကျောက်ဂူနေရာသို့ ရွှေ့ပြောင်းနေစဉ် လမ်းတွင် MNDAA အဖွဲ့များက အင်အားအများအပြားဖြင့် ဝိုင်းဝန်ပိတ်ဆို့ကာ ဖမ်းဆီးခဲ့သဖြင့် မှီခိုသူကလေးအယောက် ၄၈ ဦး ဖမ်းဆီးခံရကာ ၎င်းတို့အား ဓါးစာခံလုပ်၍ တပ်ရင်မှူးနဲ့အရာရှိစစ်သည်များကို ၎င်းတို့နဲ့ပူးပေါင်းရန် မပူးပေါင်းပါက ကလေးတွေကို သတ်ပစ်မယ်လို့ အကြပ်ကိုင်ကာ ခြိမ်းခြောက်ပြောဆိုလာသဖြင့် ဖမ်းဆီးခံရခြင်းသာဖြစ်ကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ ကလေးတွေကို ဓါးစာခံလုပ်တဲ့ MNDAA အဖွဲ့ရဲ့ ယုတ်မာတဲ့လုပ်ရပ်ကို အမှန်မရေးဘဲ Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ၎င်းတို့ ဆန္ဒအတိုင်း အလင်းဝင်ပါတယ်ဆိုပြီး အများပြည်သူများ အထင်အမြင်လွဲမှားအောင် မဟုတ်မမှန်ရေးသားထားခြင်းသာဖြစ်ပါတယ်။