နမ့်ဖတ်ကာရှိ ခလရ ၁၂၃ ရင်းဌာနချုပ်ကို KIA အကြမ်းဖက်သိမ်းပိုက်ဆိုတဲ့သတင်းအမှား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြိုနယ်၊ နမ့်ဖတ်ကာရှိ အမှတ်(၁၂၃)ခြေ လျင်တပ်ရင်းဌာနချုပ်ကို ဇန်နဝါရီလ ၁၅ ရက်နေ့က KIA အကြမ်းဖက် သောင်းကျန်းသူများက သိမ်းပိုက်ရရှိကြောင်း ကောလာဟလသတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ တစ်ခုဖြစ်တဲ့ Khit Thit က လူမှုကွန်ရက်တွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပါတယ်။ခလရ(၁၂၃)တပ်နှင့် KIA/ PDF အဖွဲ့များ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး တပ်စခန်းကျခြင်းနှင့် စစ်သည်မိသားစုများ ထွက်ပြေးခြင်းမရှိခဲ့ကြောင်း တပ်တွင်းသတင်းများအရသိရှိရပါတယ်။ ၎င်းသတင်းသည် အခြေအမြစ်မရှိတဲ့ မဟုတ်မမှန်လုပ်ကြံသတင်းသာဖြစ်ပြီး Khit Thit မှ ဖြစ်စဉ်ကို ပုံကြီးချဲ့ကာ အများပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန် လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။