နမ့်ဖတ်ကာ ခလရ(၁၂၃) တိုက်ပွဲပြင်းထန်နေဆဲ

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာမှာရှိတဲ့ ခလရ (၁၂၃) ကို KIA / PDF အကြမ်းဖက်သောင်းကျန်းသူတွေပူးပေါင်းပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ကတည်း စတင်တိုက်ခိုက်နေကြောင်း သိရပါတယ်။ KIA / PDF အကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့ ဒီဇင်ဘာလကုန်ခါနီးကတည်းက တိုက်ခိုက်နေသော်လည်း ယနေ့အချိန်အထိ ခလရ (၁၂၃) ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းမရှိပဲ ထိခိုက်ကျဆုံးများနေကြောင်းသိရပါတယ်။ ပြည်ဖျက်မီဒီယာ Khit Thit ကနေ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ KIA / PDF အကြမ်းဖက်သမားတွေဟာ ခလရ (၁၂၃) ကို သိမ်းပိုက်ရရှိလို့ စစ်သည်မိသားစုဝင်များ စိတ်ဓာတ်ပျက်ပြားအောင် မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ရေးသားဖြန့်ဝေနေတာကို တွေ့ရှိရပါတယ်.။ တကယ်မြေပြင်မှာတော့ ယနေ့အချိန်အထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး KIA / PDF အကြမ်းဖက်သောင်းကျန်းသူအများအပြားသေဆုံးနေပြီး အလောင်းတောင်မကောက်နိုင်ပဲပုံနေကြောင်း တပ်တွင်းသတင်းအရသိရပါတယ်။