တပ်မတော် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်း နှီးနှီး တွေ့ဆုံ၊ ဂုဏ်ပြုစားပွဲ အတူတကွသုံးဆောင်

ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင် ဖြစ်သည်နှင့်အညီ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည် အဆင့်အတန်းအားလုံး ရဲဘော်စိတ် အပြည့်ထားရှိပြီး အထက်အောက်ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိရန် လိုအပ် ကြောင်း တပ်မတော်အကြီးအကဲမှ လမ်းညွှန်မှာကြားထားသည်ဖြစ်ရာ အုပ်ချုပ်မှု ညီညွတ်မျှတစေရန်အတွက် ကွပ်ကဲအုပ်ချုပ်ရာ၌ တပ်မှူးကောင်းစိတ်ဓာတ် (Commander Spirit)၊ ဖခင်သဖွယ်စိတ်ဓာတ် (Fatherly Spirit)တို့ဖြင့် ကွပ်ကဲအုပ်ချုပ် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက နယ်မြေခံသင်တန်းကျောင်းသို့ သွားရောက်၍ အရာရှိ၊ စစ်သည်များနှင့် နေ့လယ်စာ အတူတကွ လက်ရေတစ်ပြင်တည်း သုံးဆောင်ခဲ့ကြကြောင်း သိရသည်။