မိတ္ထီလာမြို့တွင်လောင်းလှေပြိုင်ပွဲကို (၈) ရက်ကြာ ထည့်သွင်းကျင်းပမည်

(၁၄ဝ) ကြိမ်မြောက် မိတ္ထီလာ့ သမိုင်းဝင် ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်၌ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကို (၈)ရက်ကြာ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါ လှေပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီမှ သိရသည်။

အဆိုပါ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကို စက်တင်ဘာ(၂၂) ရက်မှ (၂၉) ရက် အထိ (၈) ရက်ကြာထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲကို အကြီးတန်း၊ အငယ်တန်း၊ နှစ်တန်းခွဲခြားကျင်းပမည်ဟုလည်း သိရသည်။