မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷🙏ဆုတောင်းပြည့် မပြည့်ဆိုတာ
က ဘုရားနဲ့ မဆိုင်ဘူး၊ ကိုယ်နဲ့ပဲဆိုင်
တယ် 🌷🙏

လောက လူတွေဟာ
ဆုတောင်းပြည့်ဘုရားဆိုပြီး
ဆုတွေ သွားသွားတောင်းနေကြတယ် ။

တကယ်တော့ …
ဆုတောင်းပြည့် မပြည့်ဆိုတာက
ဘုရားနဲ့ မဆိုင်ဘူး
ကိုယ်နဲ့ပဲ ဆိုင်တယ်နော် ။

ကိုယ့်မှာ …
သဒ္ဓါ , သီလ , သုတ , စာဂ , ပညာ
တွေ မရှိရင်
ဘယ်လောက်ပဲ ဆုတောင်းတောင်း
မပြည့်ဘူး ။

မြတ်စွာဘုရား ဟောထားတဲ့ …
မကောင်းမှုကို ရှောင်
ကောင်းမှုကို ဆောင်
ဖြူအောင် စိတ်ကိုထား ဆိုတဲ့

ဒီ ( ၃ ) ခုကို လိုက်နာနိုင်ရင်တော့ …
ဆုတောင်းလည်း ပြည့်ပါတယ်
အန္တရာယ်လည်း ကင်းပါတယ်နော် …..။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးဒေါက်တာနန္ဒမာလာဘိဝံသ)