ရွှေဂူတောင်စခန်းတိုက်ခိုက်မှု စစ်သား ၁၀ ဦးခန့်သေဆုံးဟု ဂျင်းကျွေးလိုက်တဲ့ Khit Thit

အောက်တိုဘာလ ၅ ရက် နံနက် အစောပိုင်း ၁ နာရီ ၃၀ မိနစ်ခန့်တွင် ထားဝယ်မြို့နယ်၊ ရွှေဂူတောင်တံတား၌ ဂိတ်ချတပ်စွဲထားသော စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ၈၁ မမ လက်နက်ကြီး ၈ လုံး၊ လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးခန့် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ အောက်တိုဘာလ ၅ ရက်နေ့၌ ထားဝယ်မြို့နယ်၊ ရွှေဂူတောင်တံတားတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းမျာအရ သိရှိခဲ့ရပါတယ်။ ဖြစ်စဉ်မရှိဘဲ Khit Thit မှ တပ်မတော်စခန်းတိုက်ခိုက်ခံရလို့ စစ်သား ၁၀ ဦးခန့် သေဆုံးပြီး အများအပြား ဒဏ်ရာရတယ်ဆိုပြီး လိုင်းပေါ်ကနေ အများပြည်သူများ အထင်မှားစေရန် လုပ်ကြံဖန်တီးရေးသားထားခြင်းဖြစ်ပါသည်။