တပ်မတော်ရေတပ်စခန်းမှ စစ်သား ၃ ဦး ထွက်ပြေးတယ်လို့ Ayeyarwaddy Times မှ သတင်းအတုရေး

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ တပ်မတော်ရေ၏ ရေတပ်စခန်းမှ တပ်သား ၃ ဦး သြဂုတ်လ ပထမပတ်အတွင်း ထွက်ပြေးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ထွက်ပြေးသွားသည့် တပ်သား ၃ ဦး ကို စစ်တပ်က မြို့အဝင်အထွက်ဂိတ်များနှင့် ရေကြောင်းခရီး ထွက်ပေါက်များတွင် ပိတ်ဆို့ရှာဖွေမှုများပြုလုပ်နေကြောင်း Ayeyarwaddy Times မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ရေတပ်တွင် စစ်သား ၃ ဦး ထွက်ပြေးတဲ့ဖြစ်စဉ်မရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ ဖြစ်စဉ်မရှိဘဲ Ayeyarwaddy Times မှ အများပြည်သူများ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။