စစ်ကိုင်းက တင့်ကားတပ် ဒရုန်းဖြင့်တိုက်ခိုက်ခံရဆိုတဲ့ သတင်းအမှား

စက်တင်ဘာလ ၂ ရက် နေ့လည် ၂ နာရီခန့်က စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတော ၆၀၀၅ တင့်ကားတပ်မှ ခြေလျင်အင်အား ၁၀၀ ကျော်၊ စစ်ကား ၂ စီးဖြင့် ထွက်လာသောစစ်ကြောင်းသည် ဝက်သားပုတ်ကျေးရွာ ဘုန်းကြီးကျောင်းသို့တစ်ဖွဲ၊ မာလဲတောပျူရွာသို့ တစ်ဖွဲ့ နှစ်ဖွဲ့ခွဲ၍ ဝင်ရောက်နားနေစဉ် ဒရုန်းဖြင့် ဗုံး သီး ၁၁ လုံးကျဲချ တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်အမှန်မှာ စက်တင်ဘာလ ၂ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်ရှိ ၆၀၀၅ တင့်ကားတပ်မှ ဝက်သားပုတ်ကျေးရွာနှင့် မာလဲတောရွာသို့ ဝင်ရောက်ခဲ့ခြင်းမရှိသလို ဒရုန်းဖြင့်တိုက်ခိုက်ခံရခြင်းလည်းမရှိကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ ဖြစ်စဉ်မရှိတာကို Khit Thit မှ တပ်မတော်စစ်ကြောင်းနားနေစဉ် တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိနိုင်တယ်ဆိုပြီး အများအထင်လွဲမှားအောင် လူအထင်ကြီးအောင်လုပ်ဇာတ်ဆင် ရေးသားထားခြင်းသာဖြစ်ပါတယ်။