တပ်မတော်ကို အပုတ်ချပြီး ဗြောင်လိမ်နေတဲ့ Khit Thit

Khit Thit က တစ်နိုင်ငံလုံးရှိတဲ့ နေရာတွေကရတဲ့ မဟုတ်မမှန်သတင်းတွေ၊ ချဲ့ကား သတင်းတွေနဲ့ တပ်ဘက်ကအဖွဲအစည်းကို စိတ်ဓာတ်ကျအောင်၊ စိတ်ဓာတ်ပြိုလဲအောင် စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေတယ်ဆိုတာ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ သိဖိုလိုတယ်..
ကျန်တာမပြောပဲနဲ့ ကရင်ဘက်က တင်တဲ့သတင်းတွေမှာ..၆၀% က သတင်းအမှား၊ ၃၀% က ချဲ့ကားသတင်းတွေနဲ့ ၁၀% ကတော့ ဝါဒဖြန့်ထားတဲ့သတင်းတွေပဲ..
ဒီနေ့တင်ထားတဲ့ ကော့ကရိတ်-မြဝတီဘက်က သတင်းမှာဆိုရင်လည်း ဟိုးအရင်က ဓာတ်ပုံတွေသုံးပြီး တပ်စခန်းအများအပြား သိမ်းပိုက်ထားကြောင်း၊ တပ်က ၃၀ ကျော် သေဆုံး၊ ၁၄ ဦး လက်နက်ချ အညံ့ခံ၊ အာရှလမ်းပိုင်းကို ၆၀ ရာခိုင်နှုန်း ထိန်းချုပ်ထားတယ်ဆိုပြီး သတင်းအမှားနဲ့ ဝါဒဖြန့်ထားတာကို တွေ့ရပါတယ်..