ပျဉ်းမနားမြို့နယ်က စခန်းကို သိမ်းဆည်းရမိခဲ့တယ်လို့ Khit Thit မှ သတင်းအမှားရေး

အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်း ပျဉ်းမနားမြို့နယ်၊ လက်ဖက်တောင်ကျေးရွာ၊ တာဝါတိုင်၌ တပ်စွဲထားသော စစ်တပ်စခန်းကို ကျားသံလုံးစစ်ကြောင်း သံတောင်မြောက်ပိုင်းအထူးတပ်ဖွဲ့နှင့် PDF တပ်ဖွဲ့တို့ ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းစခန်းမှ ခဲယမ်းအမြောက်အများနှင့် စစ်အသုံး အဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ သေနတ်ပေါက်သံကြားသည်နှင့် စခန်းရှိ စစ်အင်အား ၂၂ ဦးလုံး ထွက်ပြေးကြသဖြင့် အလွယ်တကူ စခန်းသိမ်းနိုင်ခဲ့ကြောင်း၊ Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ *** အောက်တိုဘာလ ၂၁ ရက်နေ့၌ ပျဉ်းမနားမြို့နယ်၊ လက်ဖက်တောင်ကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းစဉ် တာဝါတိုင်နေရာအား တစ်ညအိပ်အခြေပြုခဲ့သည့်နေရာဖြစ်ကာ ၂၂ ရက်နေ့နံနက်ပိုင်းမှာ နောက်ထပ်နေရာတစ်ခုကို ဆက်လက်ထွက်ခွာသွားကြကြောင်း၊ ၂၃ ရက်နေ့၌ ၎င်းနေရာအား PDF များ ရောက်ရှိလာစဉ် စွန့်ပစ်ကျန်ရှိခဲ့သော စစ်အသုံးအဆောင် ပစ္စည်းအပျက်အစီးများအား မီးရှို့သွားခြင်းသာဖြစ်ကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကဘဲ စခန်းစွန့်ပြေးသယောင် အများပြည်သူများ အထင်အမြင်မှားအောင် အပုတ်ချကာ တစ်ဖက်သတ်ရေးသားထားခြင်းသာဖြစ်ပါတယ်။