စနိုက်ပါဖြင့် ပစ်ခတ်ခံရ၍ စစ်သား ၁ ဦးသေဆုံးတယ်လို့ Khit Thit မှ သတင်းအတုရေး

ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဖြူးမြို့နယ်ရှိ စစ်တပ်စခန်းချထားသော အုတ်ဖြတ်တံတားဂိတ်ကို KNLA၊ ရိုးမစစ်ကြောင်း ၂ တို့က စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Khit Thit မှ သတင်းမှားရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင် ၂၇ ရက်နေ့၌ ဖြူးမြို့နယ် အုတ်ဖြတ်တံတားဂိတ်ရှိ လုံခြုံရေးတက်ဖွဲ့ဝင်များအား KNLA/ PDF များ တိုက်ခိုက်တဲ့ဖြစ်စဉ်မရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ ဖြစ်စဉ်မရှိဘဲ စစ်သား ၁ ဦး သေဆုံးတယ်ဆိုပြီး Khit Thit မှ လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

FakeNews

FactCheck