ကရင်နီသူပုန် အများအပြားသေဆုံးခဲ့သော်လည်း ၅၀၀ ခန့်သာ ဖော်ပြ

အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ KNDF လက်နက်ကိုင်အနေဖြင့် သုံးနှစ်ကျော်ကာလ တိုက်ပွဲအတွင်း တပ်ဖွဲ့ဝင် ၅၀၀ ကျော်သေဆုံးခဲ့ဟု လူမှုကွန်ယက်တွင် ဖော်ပြခဲ့သည်။

ဖော်ပြချက်တွင် ၅၀၀ ကျော်ဟု ဖော်ပြသော်လည်း မြေပြင်တွင် ၂ ထောင်ဝန်းကျင်ခန့် သေဆုံးခဲ့ကြောင်း လက်နက်ကိုင်အဖွဲ့နှင့် နီးစပ်သူများထံမှ သိရှိရပြီး လက်နက်ကိုင်များအနေဖြင့် ၎င်းတို့၏ နေ့စဉ်သေဆုံးမှုများကို ဖုံးကွယ်ပြီး တိုက်ပွဲများတွင် နိုင်နေသယောင် မီဒီယာများနှင့် ပူးပေါင်းပြီး ရေးသားလျက်ရှိပါတယ်။ တိုက်ပွဲများတွင် သေဆုံးမှုများပြားနေသလို့ တပ်ဖွဲ့အတွင်းနေထိုင်စားသောက်ရေး ခက်ခဲနေမှုများ၊ လက်နက်ခဲယမ်းနည်းပါးနေမှုများကြုံတွေ့နေရပြီး လူသစ်စုဆောင်းရန်အတွက် ခက်ခဲလာနေကြောင်း သိရှိရသည်။