စစ်တပ်က ပုဒ်မအမျိုးမျိုးအသုံးပြုပြီး ခြိမ်းခြောက်၍ ငွေတောင်းယူနေတယ်လို့ Khit Thit မှ သတင်းအတုရေး

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကကျက်ဘက်ကျေးရွာတွင် လမ်းဘေးဆိုင်ဖွင့်လှစ်ပြီး အသက်မွေးဝမ်းကြောင်းနေသူများ၊ ဆိုင်ခန်းပိုင်ရှင်များ၊ လုပ်ငန်းရှင်များကိုစစ်တပ် ဘူးသီးတောင်မြို့နယ် အမှတ် (၁) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး တင်မိုးအောင်က ပုဒ်မအမျိုးမျိုး အသုံးပြု ခြိမ်းခြောက်၍တောင်းယူနေကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကကျက်ဘက်ကျေးရွာတွင် အသက်မွေးဝမ်းကြောင်းနေသူများ၊ ဆိုင်ခန်းပိုင်ရှင်များ၊ လုပ်ငန်းရှင်များထံမှ မည်သည့်ပစ္စည်းတစ်စုံတစ်ရာမျှ ခြိမ်းခြောက်၍ တောင်းယူခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်မရှိဘဲ တပ်မတော်ကို အပုတ်ချ၍ အထင်လွဲမှားအောင်တမင်လုပ်ကြံဇာတ်လမ်းဆင်ကာလိမ်ညာရေးသား ထားခြင်းသာဖြစ်ပါတယ်။

FakeNews

FACTCHECK