အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာတော့မယ့် ဒေးဗစ်ဒီဂီယာ

မန်ယူအသင်း၏ စပိန်ဝါရင့်ဂိုးသမား ဒီဂီယာ (၃၂ နှစ်)သည် ယခုနွေရာသီတွင် အသင်းနှင့်စာချုပ်သစ်ချုပ်ဆိုတော့မည်မဟုတ်ဘဲ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာတော့မည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

၂၀၁၁ နွေရာသီအပြောင်းအရွှေ့ကာလက အက်သလက်တီကိုအသင်းမှ မန်ယူအသင်းသို့ပြောင်းရွှေ့လာခဲ့သည့် ဒီဂီယာ သည် မန်ယူဂန္ထဝင်နည်းပြကြီးဖာဂူဆန်ခေတ်၏ နောက်ဆုံးလက်ကျန်ကစားသမားဖြစ်ပြီး (၁၂)ရာသီအကြာတွင် မန်ယူကစားသမားဘ၀ တစ်ခန်းရပ်ခဲ့ခြင်းဖြစ်သည်။

ဒီဂီယာသည် ကစာသမားဘဝတစ်လျှောက် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၅၄၅) ပွဲအထိကစားပေးခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု (၁)ကြိမ်၊ ယူရိုပါလိဂ်ချန်ပီယံဆု (၁)ကြိမ်၊ FA ဖလားချန်ပီယံဆု (၁)ကြိမ်၊ လိဂ်ဖလားချန်ပီယံဆု (၂)ကြိမ်၊ ကွန်မြူနတီဒိုင်း (၃)ကြိမ်နှင့် ပရီးမီးယားလိဂ်ရွှေလက်အိတ်ဆု (၂)ကြိမ်တို့ကိုရယူနိုင်ခဲ့သည်။