နဂါးအဖွဲ့က ပကဖအဖွဲ့ခေါင်းဆောင် ဇော်မျိုးသက်ကို ပစ်ခတ်သတ်ဖြတ်

ပုလဲမြို့နယ်မှာ နဂါးရဲ့ local PDF နဲ့ NUG လက်အောက်ခံ(ပကဖ)အဖွဲ့ဆိုပြီး ၂ ဖွဲ့ ရှိပါတယ်။ ပုလဲမှာ နာမည်ကြီးနေတာက နဂါး၊ ဒီလို နာမည်ကြီးနေတော့ NUG လက်အောက်က (ပကဖ) တွေက ကြာလာတော့ ဖီးလ်ကြဲလာတယ်။ ဒီတော့ နဂါးကို လက်နက်ကိုင်ဘဝထဲက ထွက်ရအောင် ဝိုင်းပြီး ဖိအားပေးတယ်။ နဂါးကလည်း ပုလဲမြို့မှာ သူက နည်းနည်းလး ပေါက်ရောက်တာဆိုတော့ ပုလဲနယ်က မဖယ်နိုင်သလို လက်နက်ကိုင်ပြီး ပိုက်ဆံရနေတဲ့ ဘဝမှာ သာယာနေပြီ။ ဒီတော့ လွယ်လွယ်လေးပဲ ဖြေရှင်းလိုက်တယ်။ အဲ့တာကတော့ (ပကဖ) လက်အောက်ခံ ဇော်မျိုးသက် ကို ချောင်းမြောင်း သတ်ဖြတ်ပစ်လိုက်တာပါပဲ။ ဒီလိုလုပ်လိုက်တာကို NUG(ပကဖ)က လူတွေ ဘာမှမလုပ်ရဲကြဘူး။ ဘယ်လုပ်ရဲမလဲ PDF ဆိုတာ လက်နက်မရှိတဲ့ ပြည်သူတွေနဲ့ ရဟန်းသံဃာတွေကိုပဲ သတ်ရဲ/ဖြတ်ရဲတာ သေနတ်ရှိတဲ့ လူအချင်းချင်းတော့ အသေကြောက်ရတဲ့ ဓားပြသာသာ အဖွဲ့တစ်ခုထက်မပိုပါဘူး။