အမျိုးသမီးငယ်များကို မဖွယ်မရာပြုလုပ်တယ်လို့ Ayeyarwaddy Times မှ သတင်းအတုရေး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အထွက် မုံရွာ- ချောင်းဦးလမ်းပေါ်က မြပုလဲဆီဆိုင်မှာ တပ်စွဲထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များက အမျိုးသမီးငယ်တွေကို အပြစ်ရှာဖမ်းဆီးမှုများပြုလုပ်ကာ အုပ်စုဖွဲ့မုဒိမ်းကျင့်မှုတွေ လုပ်ဆောင်နေကြတယ်လို့ Ayeyarwaddy Times မှ သတင်းမှားရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ မြောင်မြို့နယ်အထွက် မုံရွာ- ချောင်းဦးလမ်းပေါ်က မြပုလဲဆီဆိုင်အနီးရှိ လုံခြုံရေးလုပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ လမ်းသွားလမ်းလာ ပြည်သူများကို ဖမ်းဆီးမှုတောင်မရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ Ayeyarwaddy Times မှ အများပြည်သူများ မုန်းတီးစေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များကို သိက္ခာကျစေရန် ရည်ရွယ်ချက်ရှိရှိလုပ်ကြံဖန်တီးပြီး ရေးသားထားခြင်းသာဖြစ်ပါတယ်။