မင်္ဂလာရှိသော နံနက်ခင်းလေးပါ

ဘ၀ရဲ့နေ၀င်ခြင်း
အဲ့ဒီနေ့ကို ဘယ်သူမှငြင်းမရဘူး ။

ချမ်းသာတဲ့သူလည်းကြုံမယ်
ဆင်းရဲတဲ့သူလည်းကြုံရမယ် ။

ပညာတတ်လည်းကြုံရမယ်
ရုပ်ချောလည်းကြုံရမယ် ။

တန်ခိုးရှိလည်းပြေးမလွတ်သလို
ဘုန်းကံကြီးမားလည်းမလွတ်ပါဘူး ။

ဘယ်သူတွေဘယ်လိုသွားသွား
သူ့ဘူတာ သူဆင်းတာပဲလေ
ကိုယ်က တားလို့မှမရနိုင်တာ ။

သူပြီးရင် ကိုယ့်ဘူတာပေါ့
ဘယ်လိုဆင်းမလဲ ဒါလေးစဉ်းစား ။

ပြုံးပြုံးလေးပဲပြန်မလား
မျက်နှာမသာယာစွာ ပြန်မှာလား ။

လက်ဗလာချည်းပဲပြန်မှာလား
အထုတ်လေးနဲ့ပြန်မှာလားလို့
အဲ့ဒါလေး ငါ့ကိုငါမေးပေးပါ ။

အပေါ်ယံကြည့်တော့
ငါ့သား ငါ့မယား ငါ့အမျိုးတွေပေါ့ ။

သေချာစေ့စေ့တွေးကြည့်တော့
ရုပ်နာမ်ဓမ္မ သင်္ခါရတွေပဲမဟုတ်လား ။

အားလုံးဟာ အနိစ္စသဘောနဲ့
ကိစ္စချောရမည့် သူတွေချည်းပါပဲ ။

တစ်ဘ၀ တစ်ခဏဆုံကြတဲ့
လောကဇရပ်ပေါ်က ဧည့်သည်တွေမို့

လမ်းခွဲမှာဝမ်းနည်း နေမယ့်အစား
သံဝေပွားရင် ကိုယ့်အပြန်လမ်းအတွက်
ဘ၀ကိုဓမ္မနဲ့ပြင်ရင်း စောင့်ကြပါစို့ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏