ဇီးတောကျေးရွာမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးသေတယ်လို့ Khit Thit မှ သတင်းအတုရေး

အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် မှ ဘုတလင်မြို့နယ်ဘက်သို့ အင်အား ၃၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး တပ်သား ၅ ဦး မျက်မြင်သေဆုံးပြီး ယူနီဖောင်း ၁ ထည် ၊ ၄၀ မမ ဗုံးသီး ၁ လုံး၊ 7.62 ကျည် ၈၂ တောင့်၊ 5.56 ကျည် အ တောင့် ၂၀ ၊ ဆွဲကြိုး ၂ ကုံး၊ ကျောက်စိမ်း ၆ လုံး ၊ ကျည်ဘောက် ၃ ခု၊ ပိုက် ဆံ ၅၀၀၀ ကျပ်၊ စစ်သုံး အိတ် ၁ လုံး နှင့် အခြားသောပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ *** အောက်တိုဘာလ 27 ရက်နေ့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဇီးတော ကျေးရွာအနီး လုံခြုံရေးတပ်များနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များထိခိုက်မှု မရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ ဖြစ်စဉ်အမှန်မရေးဘဲ Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးတယ်ဆိုပြီး အများပြည်သူများ အထင်အမှတ်မှားအောင် စိတ်ကူးယဉ်အမြတ်ထုတ်ရေးသားထားခြင်းသာဖြစ်ပါတယ်။