ကွတ်ခိုင်-ကောင်းခါးလမ်းခွဲမှာ စားခွက်လုနေတဲ့ TNLA နဲ့ MNDAA

ကွတ်ခိုင်မြို့ ကောင်းခါးလမ်းခွဲမှာ ကင်းစောင့်နေတဲ့ TNLA တပ်ဖွဲ့ဝင် ၅ ဦးကို ကိုးကန့်တပ်- MNDAA က အင်အား ၈၀ နဲ့ လာရောက်နှင်ထုတ်ခဲ့ပြီး သေနတ်တွေလည်း ယူဆောင်သွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“အစကတည်းက အဲနေရာကို TNLA တွေ အိမ်ထဲနေပြီး စောင့်တယ်။ နောက်ပိုင်း သူတို့လူကြီးတွေက အိမ်ထဲ မနေခိုင်းဘဲ အဲမှာရှိတဲ့ ခြံဝန်းထဲကို တဲပုံစံဆောက်နေခိုင်းတယ်။ ဆောက်ဖို့ လုပ်နေတဲ့အချိန်မှာ ကိုးကန့်အဖွဲ့တွေ ရောက်လာပြီး နေလို့မရဘူး။ တဲဆောက်လို့ မရဘူးဆိုပြီး လာပြောတယ်။ ပြီးတော့ TNLA တပ်ဖွဲ့ ငါးဦးကို အင်အား ၈၀ ကျော်သုံးပြီး လာဝိုင်းတယ်။ သေနတ်တွေ လုယူသွားတယ်။ ကိုးကန့်တပ်က စစ်တိုက်တော့မယ့်ပုံစံနဲ့ နေရာယူတယ်။ လမ်းသွားလမ်းလာ လုပ်နေတဲ့ TNLA တပ်ဖွဲ့ဝင်အချို့ရဲ့ သေနတ်တွေလည်း သိမ်းနေတာ တွေ့ရတယ်” လို့ ​ဖြစ်စဥ်သိရှိသူ ကွတ်ခိုင်​မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။