ထိုက်မှရတဲ့ ဘွဲ့တံဆိပ်တွေပါ

🔹သာသနာတော်နဲ့ပတ်သက်ပြီး နိုင်ငံတော်က အမျိုးသမီးတွေကို ချီးမြှင့်တဲ့ဘွဲတံဆိပ်ဆု (၄)မျိုးရှိပါတယ်။ အဲ့ဒါတွေက အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ၊ သီရိသုဓမ္မသိင်္ဂီဘွဲ။ သီဟသုဓမ္မသိင်္ဂီဘွဲနဲ့ သုဓမ္မသိင်္ဂီဘွဲ ဆိုတာတွေဖြစ်တယ်။

🔹နင်ငံတော်အနေနဲ့ ဒီဘွဲတံဆိပ်တွေကို ပေးအပ်တဲ့နေရာမှာ လက်တန်း ပြီးပြီးရောပေးအပ်လို မရဘူး။ အဲ့ဒီဘွဲတံဆိတ်တစ်ခုခြင်းဆီမှာ သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ စည်းမျဉ်းကန့်သတ်ချက်တွေရှိတယ်။

🔹ဥပမာပြောပြရရင် NLD အစိုးရ အုပ်ချုပ်ခဲ့တဲ့ ၂၀၂၀ မတ်လ ၈ ရက်နေ့တုန်းက နေပြည်တော် ဥပါတသန္တိစေတီ ဗိမာန်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အဆင့် ဘွဲတံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့တဲ့ပွဲမှာ သီရိသုဓမ္မသိင်္ဂီဘွဲကို ရရှိခဲ့တဲ့ မပိုးအိဖြူမောင်ဟာ ဒီဘွဲကို ရဖိုအတွက် ဥပါသကာဂုဏ်ရည် ၁၀ပါးကို စောင့်ထိန်းသူဖြစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ ကိုက်ညီခဲ့လိုဖြစ်ပါတယ်။

🔹ဥပသကာ ဆယ်ပါးထဲမှာ ဘုရားတရားသံဃာကို ကိုးကွယ်ယုံကြည်သူဖြစ်ရမယ်။ ရှင်သာမဏေ အပါး ၂၀၀နဲ့အထက်ကို တဦးတည်း ဒါယကာခံသူဖြစ်ရမယ်။ ရှင်သာမဏေ အပါး ၂၀အထက်ကို တစ်ဦးတည်း ရဟန်းခံပေးပြီးတော့ ပစ္စည်းလေးပါး ထောက်ပံ့တဲ့သူဖြစ်ရမယ်။ ဘုရားစေတီ၊ သိမ်ကျောင်း၊ ဇရပ် တည်ဖို သိန်း ၂၀၀အထက် လှူဒါန်းခဲ့တဲ့သူဖြစ်ရမယ်။ ပရိယတ္တိစာသင်တိုက်တွေမှာ ထာဝရအလှူငွေ သိန်း ၂၀၀ အထက် လှူဒါန်းတဲ့သူဖြစ်ရမယ်။ ပြင်းထန်တဲ့ စည်းကမ်းချက်ကတော့ ပြစ်ဒဏ်ခံရဖူးခြင်းမရှိသူ ဖြစ်ရပါ့မယ်။ သာသနာတော်အတွက် လှူဒါန်းငွေဟာ သိန်းပေါင်း ၄၀၀၀အထက်ရှိမှာသာ မပိုးအိဖြူမောင်လို ၊ ရုပ်ရှင်နဲ့သရုပ်ဆောင် အကယ်ဒီမဆုရှင် နန္ဒလှိင်တိုလို သီရိသုဓမ္မသိင်္ဂီဘွဲကို နိုင်ငံတော်က ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။ ဆိုလိုချင်တာက ဒီဆုရရှိသူမျိုးဟာ ပေါပေါပဲပဲ မဟုတ်ပါဘူး။ ဒီဆုရတဲ့သူတွေဟာ ဗုဒ္ဓသာသနာတော် ကြီး အဓွန့်ရှည်တည့်တံဖိုချီးမြှင့်မြှောက်စားတဲ့သူမျိုးဖြစ်လို နိုင်ငံတော်က တဖန် ကျေးဇူးပြုပေးတာဖြစ်ပါတယ်။ အမှန်တကယ် ထိုက်လိုရတာဖြစ်ပါတယ်။

🔹သရိသုဓမ္မသိင်္ဂီဘွဲကို ရရှိပြီး နောက် ၃နှစ်အတွင်းမှာ ရှင်သာမဏေ အပါး ၃၀၀နဲ့အထက်ကို တဦးတည်း ဒါယကာခံသူဖြစ်ရင်၊ ရှင်သာမဏေ အပါး ၃၀အထက်ကို တစ်ဦးတည်း ရဟန်းခံပေးပြီးတော့ ပစ္စည်းလေးပါး ထောက်ပံ့ခဲ့ရင်၊ ဘုရားစေတီ၊ သိမ်ကျောင်း၊ ဇရပ် တည်ဖို သိန်း ၃၀၀အထက် လှူဒါန်းခဲ့ရင်၊ ပရိယတ္တိစာသင်တိုက်မှာ ထာဝရအလှူငွေ သိန်း ၃၀၀ အထက် လှူဒါန်းခဲ့ရင်၊ သာသနာတော်အတွက် လှူဒါန်းငွေဟာ သိန်းပေါင်း ၅၀၀၀အထက် ရှိခဲ့မယ်ဆိုရင် အမျိုးသမီးဆိုင်ရာလူပုဂ္ဂိုလ်ထဲမှာ အမြင့်ဆုံးဘွဲဖြစ်တဲ့ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲကို ထပ်မံချီးမြင့်ခြင်းခံရမှာပဲ ဖြစ်ပါတယ်။ ဒီလိုအမြင့်ဆုံးဘွဲမျိုးကို မိုးကောင်းက ကုန်စိမ်းရောင်းရင်း သူဌေးဖြစ်လာခဲ့တဲ့ မခင်မြင့်ဦးဟာ ၇၃ နှစ်မြောက်လွတ်လပ်ရေးနေ့မှာ ချီးမြှင့်ခံရဖူးပါတယ်။

🔹အဂ္ဂဆိုတာ မြတ်သော ၊ မဟာ ဆိုတာ ကြီးကျယ်သော ၊ သီရသုဓမ္မဆိုတာ ကောင်းသောတရားစောင့်ထိန်းသော၊ သိင်္ဂီ ဆိုတာ ရတနာလို အဆိုရှိတော့ ချီးမြှင့်ခံရသူအတွက်တော့ ပြီးပြည့်စုံတဲ့ ဘွဲထူးဂုဏ်ထူးတစ်ခုလည်းဖြစ်ပါတယ်။

🔹ဆတော့ လက်ရှိ နစက ဝန်ကြီးချုပ် ဇနီးအပါအဝင် အရင်တပ်မတော်အကြီးအကဲတွေရဲ့ ဇနီးတွေကို ဒီဘွဲတံဆိပ်တွေ ချီးမြှင့်တာနဲ့ ပတ်သက်ပြီး မထိုက်တန်ဘူးလို ယူဆရင် ကိုယ်ချစ်မြတ်နိုးတဲ့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ဗုဒ္ဓသာသနာ နဲ့ ပတ်သက်ပြီး ထီးတော်တင်လှူပူဇော်တာတွေ ဘယ်နှစ်ကြိမ်လုပ်ခဲ့ဖူးသလဲ၊ ဗုဒ္ဓသာသနာနဲ့ပတ်သက်ရင် ဘယ်လောက်ချီးမြှင့်မြှောက်စားခဲ့ဖူးသလဲ၊ စစ်ကိုင်းတောင်ရိုးမှာ လစဉ် ၁၃ ရက်နေ့တိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဇနီးလိုမျိုး ဆွမ်းတွေလှူဖူးလားဆိုပြီး ပေတံတိုင်းပြီး နှိင်းယှဉ်ကြည့်လိုက်ပေါ့။ မမှီဘူးဆိုရင် မထိုက်လိုပေါ့။

ဖိုးစီ