UEC ကထုတ်ပြန်ထားတဲ့ လက်ရှိချိန်ထိ တည်ဆဲနိုင်ငံရေးပါတီများ

UEC ရဲ့ နည်းဥပဒေတွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာ ပြန်လည်လျှောက်ထားတဲ့ ပါတီ ၅၀ ရှိပြီး အသစ်လျှောက်ထားတဲ့ ပါတီ ၁၅ ပါတီ ရှိတာမို့ စုစုပေါင်း ၆၅ ပါတီ စာရင်းရှိ ဖြစ်ပါတယ်။ ပြန်လည်လျှောက်ထားခြင်းမရှိတဲ့ ပါတီ ၄၀ ကတော့ မှတ်ပုံတင်စာရင်းကနေ အဖျက်ခံရပြီး ဖြစ်ပါတယ်။ ၆၅ ပါတီထဲက ၄၇ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ကျန်တာကို တော့ ဆက်လက်စစ်ဆေးဆဲအနေအထားဖြစ်ပါတယ်။ ကြားထဲမှာ ၂ ပါတီကတော့ ခေါင်းဆောင်းပိုင်းအပြောင်းအလဲဖြစ်ခဲ့လို့ ပယ်ဖျက်ခွင့်လျှောက်ထားခဲ့တာမို့ လက်ရှိ တည်ဆဲနိုင်ငံရေးပါတီက ၄၅ ပါတီဖြစ်ပါတယ်။